Q&A

အခြေခံ မေးခွန်းနှင့် အဖြေများ

  1. Myanmar Website Creator မှပြုလုပ်သောWeb design နှင့် အခြားweb design များအကြား မတူတဲ့အချက်ကဘာလဲ ?
    အသုံးပြုသူ(သို့)လာရောက်ကြည့်ရှုသူအတွက်ဦးတည်ခြင်း၊စီးပွားရေးအတွက်ဦးတည်ခြင်းသည် Myanmar Website Creator ၏အကြီးမားဆုံးအားသာချက်ဖြစ်သည်။သင့်လုပ်ငန်း အောင်မြင်မှုကိုအထောက်အပံ့ ဖြစ်စေသည့် လက်တွေ့အသုံးပြုမှု နှင့်သက်သာသော ကုန်ကျစရိတ်နှင့်ပိုမိုထိရောက်သော ဆောင်ရွက်ချက်များ ကိုလည်းစီစဉ်ပေးပါသည်။ Homepage/Website တို့၏ ရေးကြီးသည့်အချက်များ နှင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှု အားသာချက်များ ကိုလည်း သင်ပို၍ သိရှိနိုင်ပါသည်။


  2. Homepage ပြုလုပ်ခြင်းနှင့် Web hosting ပြုလုပ်ခြင်းအတွက် မည်မျှကုန်ကျ နိုင်ပါသလဲ ?
    ကျသင့်ငွေမှာ သင့်လိုအပ်ချက်၊ Website သုံးစွဲသည့် ဒေတာပမာဏနှင့် အခြားကြောင်းရင်းများ ပေါ်မူတည်တွင် မူတည်ပါသည်။ ကျွန်ုပ်တို့နှင့်နှစ်ဦးသဘောတူ ပထမဆုံးတွေ့ဆုံပြီးပါက ကျသင့်ငွေအား ခန့်မှန်းနိုင်ပါမည်။ သို့သော် ကျွန်ုပ်တို့၏ သက်သာသော ကုန်ကျစရိတ်နှင့် ပိုမိုထိရောက်သော ဆောင်ရွက်ချက်များ အတွက်ယုံကြည်မှုအပြည့်ရှိပါသည်။


  3. ကျွန်ုပ်တို့ Website မှာတစ်ခါတစ်ရံ ပြသရန် အချိန် ကြာမြင့်တတ် ပါသည်။ ဘာကြောင့်ကြာမြင့်ရပါသလဲ ?
    Myanmar Website Creator မှ ဖန်တီးထားသော Websiteများသည် အမြန်နှုန်းနှေးကွေးနေသည် ဆိုပါကထိုပြသနာမှာ မြန်မာနိုင်ငံ၏ အင်တာနက် လမ်းကြောင်းများ ကြောင့်သာဖြစ်သည်။ မြန်မာနိုင်ငံ၏ အင်တာနက် လမ်းကြောင်းများမှာ အနည်းငယ်နှေးကွေးပြီး မတည်ငြိမ်ပေ။သင်တို့၏ website များကို လျှင်မြန်စွာ ကြည့်ရှုနိုင်ရန် ယင်းကဲ့သို့သော အခြေအနေများ အတွက် Myanmar Website Creator မှအထူးအလေးပေး ဆောင်ရွက်ထားပါသည်။


  4. ကျွန်ုပ်တို့ နှစ်ဦးသဘောတူ လုပ်ငန်းများကို ရပ်ဆိုင်းလို့ရပါသလား ?
    ကျွန်ုပ်တို့နှစ်ဦးသဘောတူ လုပ်ငန်းများကို ရပ်ဆိုင်းနိုင်ပါသည်။သို့သော် စာချုပ်ပါအချက်အလက်အတိုင်း ယခင်သဘောတူ ပေးချေထားသော ကျသင့်ငွေများကို မည်သည့်အကြောင်းနှင့်မျှ ပြန်လည်ပေးအပ်မည် မဟုတ်ပါ။



Homepage ပြုလုပ်ခြင်းနှင့် သက်ဆိုင်သည့် မေးခွန်းနှင့်အဖြေများ

  1. Homepage ပြုလုပ်ရာတွင်ကျွန်ုပ်တို့ဘက်မှကူညီပေးရန်လိုအပ်ပါသလား ?
    ကောင်းမွန်သော Homepage website များရရန် သင်တို့နှင့်ကျွန်ုပ်တို့၏ ပူပေါင်းဆောင်ရွက်မှုသည် လွန်စွာအရေးကြီးပါသည်။ စာမျက်နှာ တစ်ခုချင်းစီအတွက် လိုအပ်သောအကြောင်းအရာများကို သင်တို့ဘက်မှ ပြင်ဆင်ထားရန် လိုအပ်ပါသည်။ ထိုကိစ္စကို ကျွန်ုပ်တို့အား ပြင်ဆင်စေလိုသည် ဆိုပါက သင့်ကုမ္ပဏီ၏ အသေးစိတ် အချက်အလက်များကို သိရှိရန်အထောက်အကူပြု နိုင်သည့်လက်ကမ်းစာစောင်များ၊ ပုံများ၊ ဆောင်းပါးများကို ပြင်ဆင်ပေးရမည် ဖြစ်ပါသည်။


  2. Web design နှင့်ပက်သက်၍ တောင်းဆိုမှုပြုလုပ်နိုင်ပါသလား ?
    ဒီဇိုင်းမပြုလုပ်မှီ သင်တို့၏လိုအပ်ချက်များနှင့် ထင်မြင်ချက်ယူအဆများကို ကျွန်ုပ်တို့ဘက်မှမေးမြန်းပါမည်။ (Notice, a part of your requirements might not be accepted according to our integrative judgment)


  3. Homepage ပြုလုပ်ရန်အချိန်မည်မျှကြာမည်နည်း ?
    သာမန်အားဖြင့် တစ်လမှနှစ်လအတွင်း ကြာမြင့်နိုင်မည်ဖြစ်သော်လည်း သင့်တို့၏Homepageတွင်ပါဝင်သော ဒေတာပမာဏနှင့် သင်တို့၏ပူပေါင်းဆောင်ရွက်မှုပေါ် မူတည်၍ ကွဲပြားခြားနားမှု ရှိနိုင်ပါသည်။



Web hosting နှင့် သက်ဆိုင်သည့် မေးခွန်းနှင့်အဖြေများ

  1. Web hosting နှင့်ပက်သက်၍ ကျွန်ုပ်တို့ဘက်မှ တစုံတရာပြုလုပ်ရန် လိုအပ်ပါသလား ?
    ကျွန်ုပ်တို့၏ Web hosting service ကိုအသုံးပြုမည်ဆိုပါက မည်သည့်အရာမှ ပြုလုပ်ရန်မလိုအပ်ပါ။


  2. Why the mailer software (e.g. MS-outlook) does not work?
    Because the port number (port 25, port 110) were closed, so that the mailer software can not send / receive email (in other countries no such kind of problem). If you use our web hosting service, we will provide web mail service, so you can read/write email on browsers (Firefox, IE) directly.


  3. အင်တာနက် Access ဆိုင်ရာ သတင်းပေးပို့ချက်များကို လက်ခံရရှိနိုင်ပါသလား ?
    သင်အလိုရှိမည်ဆိုပါက အင်တာနက် access ဆိုင်ရာသတင်းပေးပို့ချက်များကို Myanmar Website Creator မှ လစဉ် ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ (သို့) သတင်းပေးပို့ချက်ဆိုင်ရာ စာမျက်နှာများကို သင်ကိုယ်တိုင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။


  4. ဒိုမိန်းအမည်မှာ ကျွန်ုပ်တို့ အတွက် မူပိုင်ဖြစ်ပါသလား ?
    ဒိုမိန်းအမည်မှာ သင်တို့၏ မူပိုင်ဖြစ်ပါသည်။ သင်ကာလကြာရှည်စွာ ထိန်းသိမ်းထား ပါက အခြားမည်သူမျှ သင့်ဒိုမိန်းအား အသုံးမပြုနိုင်ပါ။


  5. ကျွန်ုပ်တို့ဘက်မှ ကုမ္ပဏီဆိုင်ရာ အချက်အလက်များ ပြောင်းလဲသွားပါက website တွင်ရှိသော အချက်အလက်များကို မည်သို့ပြုလုပ်ပေးနိုင်ပါသလဲ ?
    အကယ်၍ သင်သည်ကျွန်ုပ်တို့၏ Web hosting ဝန်ဆောင်မှုကို အသုံးပြုသည်ဆိုပါက လိပ်စာ၊ ဖုန်းနံပါတ်၊ဈေးနှုန်း၊စသည် ကဲ့သို့သော အသေးစား အချက်အလက်များကို အပိုဆောင်းငွေ ထပ်မံပေးစရာမလိုပဲ ကျွန်ုပ်တို့ဘက်မှ စိစစ်ဆောင်ရွက်ပေးပါမည်။ သို့သော် အကြီးစား ပြောင်းလဲမှုများအတွက်မူ အပိုဆောင်းငွေ ထပ်မံ ပေးဆောင်ရမည် ဖြစ်ပါသည်။


  6. FTP နှင့် server၏ အခြားလုပ်ငန်း ဆောင်တာများအတွက် ID နှင့် Password ကိုရနိုင်ပါသလား ?
    Myanmar Website Creator မှသင်တို့အတွက် website နှင့်ပက်သက်သည့် ကိစ္စမှန်သမျှကို တာဝန်ယူထားသည့် အတွက် ID နှင့်Password ကိုထိန်းသိမ်းထားပါသည်။သို့ရာတွင် သင်သည် website နှင့်ပက်သက်သည့် တာဝန်များကို သင်ကိုယ်တိုင် ပြုလုပ်မည်ဖြစ်သဖြင့်IDနှင့် password ကိုအလိုရှိသည်ဆိုပါက website စတင်ပြုလုပ်ကတည်းကပင် ကျွန်ုပ်တို့အား အသိပေးရန်လိုအပ်ပါသည်။




COPYRIGHT © 2010-2011 Myanmar Website Creator (by Sky Bridge Co., Ltd.)
Room A-407, High Way Complex, Simmalite, Karmaryut Township, Yangon, Myanmar Tel: +95-1-511834    Email: info@myanmarwc.com

Links:         缅甸投资咨询        Myanmar Real Estate        Language Exchange        株 Golden Eye        缅甸房地产投资        缅甸房地产中介